Thursday, December 13, 2007

အရိုးသားဆုံးဝန်ခံခြင်း

ရာသီရှစ်ဆယ်အထိ
ငြိမ်သက်နေတဲ့ ငါ့နှလုံးသား
မင်းနဲ့မှ လှုပ်ရှားခဲ့...
လောကရဲ့စစ်
အရှုံးလူသားအဖြစ်
ငါ့အသည်းနှလုံးသား
ညင်ညင်သာသာပါပဲ
အသံတိတ်ဖေါက်ခွဲခြင်းခံလိုက်ရတယ်....
ဆန္ဒတွေကို ကြားကန်ရင်း..
ငါ့နှလုံးသွေးနဲ့ရေးတဲ့ တမ်းတခြင်းကဗျာတွေက
မင်းအတွက်တော့ အဆန်မဲ့လျော်ကြေးလေးပါ....
ငါ့အတ္တနဲ့မင်းဘ၀ ညှိမရလို့
ဝေးခဲ့ရပြီး ခံစားရတယ်ဆိုတာကတော့အလကားပါ
တကယ်တော့ ငါအတွက် ဘ၀ဆိုတာအဓိကကျပြီး
အချစ်ဆိုတာ ဆံချည်မျှင်လေးတစ်ခုပါ....

No comments: