ရာသီရှစ်ဆယ်အထိ
ငြိမ်သက်နေတဲ့ ငါ့နှလုံးသား
မင်းနဲ့မှ လှုပ်ရှားခဲ့...
လောကရဲ့စစ်
အရှုံးလူသားအဖြစ်
ငါ့အသည်းနှလုံးသား
ညင်ညင်သာသာပါပဲ
အသံတိတ်ဖေါက်ခွဲခြင်းခံလိုက်ရတယ်....
ဆန္ဒတွေကို ကြားကန်ရင်း..
ငါ့နှလုံးသွေးနဲ့ရေးတဲ့ တမ်းတခြင်းကဗျာတွေက
မင်းအတွက်တော့ အဆန်မဲ့လျော်ကြေးလေးပါ....
ငါ့အတ္တနဲ့မင်းဘ၀ ညှိမရလို့
ဝေးခဲ့ရပြီး ခံစားရတယ်ဆိုတာကတော့အလကားပါ
တကယ်တော့ ငါအတွက် ဘ၀ဆိုတာအဓိကကျပြီး
အချစ်ဆိုတာ ဆံချည်မျှင်လေးတစ်ခုပါ....
Thursday, December 13, 2007
Beauty is in the eye of the Beholder
အလှအပဆိုတာ
ကြည့်တတ်သူရဲ့ မျက်လုံးထဲမှာရှိနေတာပါတဲ့......
ဘယ်လောက်ပဲလှလှ မကြည့်တတ်ရင် အလှကို မမြင်နိုင်သလို
ကြည့်တတ်တော့လည်း
မပြုပြင်ထားပေမယ့် လှတာလေးတွေမြင်တွေ့ရတတ်တယ်...
အထူးသဖြင့် ...
စေတနာကောင်းတဲ့စိတ်အလှလေးတွေကိုပေါ့.....

Subscribe to:
Posts (Atom)